Tuesday, September 4, 2018

Hollywood/Bollywood/Tollywood ဆိုတာတွေ ဘာလဲ?ဖတ်ကြည့်



Hollywood, Bollywood, Tollywood ဆိုတာ ဘာတွေလဲ 🤔🤔🤔
*************************************


ယနေ့ ရုပ်ရှင်လောကမှာ ထိပ်တန်းလို့ ပြောလို့ရတဲ့ ထုတ်လုပ်ရေး၊ ဖြန့်ချီရေးတွေမှာပါ ကမ္ဘာရဲ့ ရုပ်ရှင်ဈေးကွက်ကို ချုပ်ကိုင်နိုင်ဆုံး Film Industries တွေ ရဲ့ အကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။

Hollywood
*********

- တစ်နှစ်ကို ရုပ်ရှင်ကားပေါင်း ပျမ်းမျှ ၅၀၀ ခန့် ထုတ်လုပ်ပါတယ်

- တစ်ကမ္ဘာလုံးမှာ အားပေးကြည့်ရှုတဲ့ ပရိတ်သတ်ပေါင်း ၂.၆ ဘီလီယံ ဦးရေ ရှိပါတယ်

- Hollywood ဆိုတဲ့အမည်က မူလစကားလုံး America cinema ကနေ ဖြစ်လာတာပါ

- Hollywood ဆိုပြီး ခေါ်ဝေါ်သမုတ်ခဲ့သူကတော့ "Father of Hollywood" ဖြစ်တဲ့ H.J.Wiltley ဖြစ်ပါတယ်

- Los Angeles, California, U.S.A မှာ တည်ရှိပါတယ်

- ပထမဆုံး ရုပ်ရှပ်ကားကို New York မြို့တော်မှာ ၁၈၉၄ ခုနှစ်က ရုံတင်ပြသခဲ့ပါတယ်

- ပထမဆုံး အသံတိတ်ရုပ်ရှင်က ၁၉၀၃ ခုနှစ်မှာ ပြသခဲ့တဲ့ The Great Train Robbery ရုပ်ရှင် ဖြစ်ပါတယ်

- အံဖွယ် Graphic လုပ်ဆောင်မှုတွေ၊ ဇာတ်အိမ်ခိုင်မာမှု နဲ့ Animations ရုပ်ရှင်ထုတ်လုပ်မှုတွေက Hollywood ကို နာမည်ကြီးစေတဲ့ အချက်တွေ ဖြစ်ပါတယ်

- ပုံစံမျိုးစုံ၊ ဘာသာစကားမျိုးစုံနဲ့ တွဲဖက်တင်ဆက်တဲ့ရုပ်ရှင်တွေကို ထုပ်လုပ်နိုင်တဲ့ Film Industry ဖြစ်ပါတယ်

- သီချင်းနဲ့ အကတွေ တွဲဖက်ပါဝင်တဲ့ Musicals တွေကိုလည်း ထုတ်လုပ်ပါတယ်

- ပျမ်းမျှ ရုပ်ရှင်တစ်ကားကြာချိန် ၁ နာရီကနေ ၁ နာရီခွဲအတွင်း ရှိပါတယ်

- ဝင်ငွေအများဆုံး ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေထဲမှာ နံပါတ် ၁ နေရာက ရပ်တည်နေပါတယ်

📽️🎬🎥🎞️

Bollywood
*********

- တစ်နှစ်ကို ရုပ်ရှင်ကားပေါင်း ပျမ်းမျှ ၁၂၀၀ ခန့် ထုတ်လုပ်ပါတယ်

- Bollywood ဆိုတဲ့အမည်က အိန္ဒိယရဲ့မြို့တော် Bombay (Mumbai) ကို အစွဲပြုပြီးခေါ်တဲ့ Informal term ဖြစ်ပါတယ်

- အမှန်တကယ် Bollywood ဆိုတာနေရာ မရှိပေမယ့် Hindi ရုပ်ရှင်တွေကို ကိုယ်စားပြုနိုင်မှုအတွက် နာမည်ကြီးပါတယ်

- ၁၉၁၃ ခုနှစ်ဟာ အိန္ဒိယမှာ အကြီးမားဆုံး ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်လာရုံမက ကမ္ဘာ့အကြီးမားဆုံးထုတ်လုပ်ရေးတစ်ခု အဖြစ်လဲ ရပ်တည်ခဲ့ပါတယ်

- Bollywood ရဲ့ပထမဆုံး စကားပြောရုပ်ရှင်ကတော့ ၁၉၃၁ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Alam Ara ရုပ်ရှင်ကား ဖြစ်ပါတယ်

- ပထမဆုံး အသံတိတ်ရုပ်ရှင်က ၁၉၁၃ ခုနှစ်မှာ ပြသခဲ့တဲ့ Raja Harishchandra ရုပ်ရှင် ဖြစ်ပါတယ်

- Bollywood ကို လူသိများတဲ့စေတဲ့အချက်တွေကတော့ အက၊ သီချင်း နဲ့ အကနဲ့ရောထားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေပဲ ဖြစ်ပါတယ်

- ရုပ်ရှင်တွေက Hindi စကားပြောသက်သက်သာမဟုတ်ပဲ English စကားပြောတွေပါ ထည့်သွင်း ပြောပါတယ်

- ပျမ်းမျှ ရုပ်ရှင်တစ်ကားကြာချိန် ၂ နာရီကနေ ၃ နာရီအတွင်း ရှိပါတယ်

- ဝင်ငွေအများဆုံး ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေထဲမှာ နံပါတ် ၃ နေရာက ရပ်တည်နေပါတယ်

📽️🎬🎥🎞️

Tollywood
**********

- တစ်နှစ်ကို ရုပ်ရှင်ကားပေါင်း ပျမ်းမျှ ၃၀၀ ခန့် ထုတ်လုပ်ပါတယ်

- အိန္ဒိယတောင်ပိုင်း အခြေပြု ရုပ်ရှင်ထုတ်လုပ်ရေးကြီး ဖြစ်ပါတယ်

- တောင်ပိုင်း Kolkata (Calcutta) က Tollygunge လို့လဲ ခေါ်ကြပြီး Bengali ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းကြီး ဖြစ်ပါတယ်

- ပထမဆုံး စကားပြောရုပ်ရှင်ကတော့ ၁၉၃၁ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Bhakta Prahlada ရုပ်ရှင်ကား ဖြစ်ပါတယ်

- ပထမဆုံး အသံတိတ်ရုပ်ရှင်က ၁၉၁၂ ခုနှစ်မှာ ပြသခဲ့တဲ့ Bhisma Pratighna ရုပ်ရှင် ဖြစ်ပါတယ်

- ၁၉၀၀ ပြည့်နှစ်အစောပိုင်းတွေမှာ ရှေးသမာရိုးကျနည်းလမ်းတွေနဲ့ ရုပ်ရှင်တွေ ရိုက်ကူးခဲ့ပေမယ့် အခုချိန်မှာတော့Telegu ရုပ်ရှင်တွေကို အမြောက်အများထုတ်လုပ်နိုင်တဲ့ ခေတ်မီ ထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်နေပါပြီ

- Bollywood လိုပဲ အက နဲ့ ပတ်သက်ပြီး လူသိများပါတယ်

- ပျမ်းမျှ ရုပ်ရှင်တစ်ကားကြာချိန် ၃ နာရီကနေ ၃ နာရီခွဲအတွင်း ရှိပါတယ်

- ဝင်ငွေအများဆုံး ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေထဲမှာ နံပါတ် ၅ နေရာက ရပ်တည်နေပါတယ်


# Credit Original Writter By - RIB (flim2mm)

No comments:

Post a Comment